Showing posts with label အားကစား သတင်းများ. Show all posts
Showing posts with label အားကစား သတင်းများ. Show all posts

3/20/2012

တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး ကစားသမားများ စာရင်းတွင် မက်ဆီဦးဆောင်

တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး ကစားသမားများ စာရင်းတွင် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီက ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရှိရသည်။
ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို (၃)နှစ်ဆက် ရရှိခဲ့သော အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့်သည့် ဒေးဗစ်ဘက်ဟမ်းနှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံး နေရာ၌ အခန့်သား ရှိနေခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ယမန်နှစ်က လုပ်ခ လစာနှင့် စပွန်ဆာ သဘော တူညီမှုများမှ ယူရို (၃၃)သန်း အသားတင် စုမိဆောင်းမိ ရှိခဲ့ကြောင်း ပြင်သစ် ဘောလုံး မဂ္ဂဇင်းက ထုတ်ပြန်သည့် အချက်အလက် စာရင်းအရ သိရှိရသည်။ မက်ဆီသည် ယခု ရာသီတွင် ဘာစီလိုနာ အတွက် (၄၄)ပွဲ၌ (၅၁)ဂိုး သွင်းယူ ပေးထားပြီး ဖြစ်သည်။

1/06/2012

PELE & Leo Messi နှိုင်းယှဉ်ချက် ပုံများ










နောက်ဆုံး ပြောချင်တာကတော့ ပီလီကတော့ ပလီပလာပါပဲ အဲမှားလို့ ပီလီကတော့ ပီလီပါပဲ ရှေးသမိုင်းပြတိုက်မှာ ကျန်ခဲ့ပြီ
မက်ဆီကတော့ လက်ရှိအခြေမှာတော့ ကမ္ဘာအကောင်းဆုံး ဆုကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးတဲ့ မက်ဆီပါပဲ

12/06/2011

တစ်နှစ်တာ အကောင်းဆုံး အသင်း၏ ရွေးချယ်ခံ လူစားရင်း ထုတ်ပြန်

ယူအီးအက်ဖ်အေသည် (၂၀၁၁) ခုနှစ်၏ အကောင်းဆုံး အသင်းအတွက် ရွေးချယ်ခံ ရမည့် ပဏာမ လူ (၅၅) ဦးစားရင်းအား ထုတ်ပြန် ကြေငြာခဲ့သည်။
ယခု အသင်းတွင် နေရာတစ်နေရာ အတွက် အများဆုံး ရွေးချယ်မှု အဖြစ် လူ (၅) ဦးစီပါဝင် နေပြီး အဆိုပါ (၅) ဦးစီမှ အကောင်းဆုံး ကစားသမား တစ်ဦးစီအား ပရိသတ်များမှ မဲပေးရွေးချယ် ရမည် ဖြစ်ပြီး အကောင်းဆုံး (၁၁) ယောက် စာရင်းကိုတော့ လာမည့် (၂၀၁၂) ဇန်န၀ါရီ (၁၈) ရက်နေ့တွင် ကြေငြာမည် ဖြစ်သည်။ယခု (၅၅) ဦးစာရင်းတွင် ဘာစီလိုနာ အသင်းမှ နည်းပြ ဂွာဒီယိုလာ အပါအ၀င် ကစားသမား (၈) ဦးထိ ပါဝင်ခဲ့ပြီး လျာထားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ယခုလို ရွေးချယ်မှုမှာ ပြီးခဲ့သော နှစ်က အသင်း၏ ပြည်တွင်းလိဂ် အောင်မြင်မှု၊ဥရောပ ပြိုင်ပွဲများတွင် အောင်မြင်မှုများကို ထည့်သွင်းတွက်ချက်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး လူငယ် ပါရမီရှင် ကစားသမားများပါ ပါဝင်လာကြောင်း တွေ့ရသည်။ယမန်နှစ်က ကိုပါဒယ်လ်ရေး ဖလားကို ရယူနိုင် ခဲ့သည့် ရီးရဲလ် နည်းပြ မော်ရင်ဟို နှင့် စီးရီးအေ ဖလားကို ရယူနိုင် ခဲ့သည့် အေစီနည်းပြ အယ်လ်လီဂရီတို့မှာလည်း အကောင်းဆုံး နည်းပြနေရာတွင် ပါဝင်နေသည်။
uefa
 
ရွေးချယ်ခံထား ရသည့် (၅၅) ဦးစာရင်း
Goalkeepers:
Manuel Neuer (Bayern Munich)
Edwin van der Sar (Retired)
Iker Casillas (Real Madrid)
Victor Valdes (Barcelona)
Joe Hart (Manchester City)

11/29/2011

၂၀၁၂ ခုနှစ် AFC ဖလား ပြိုင်ပွဲသို့ မြန်မာကလပ် (၂)သင်း ၀င်ပြိုင်ခွင့် ရမည်

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှ ကလပ် အသင်းများ အနေဖြင့် ၂၀၁၂ အေအက်ဖ်စီ ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကလပ်အသင်း တာဝန်ရှိသူများသည် ၂၀၁၂ အေအက်ဖ်စီ ဖလားပွဲသို့ နေရှင်နယ်လိဂ် ကလပ်များ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် ကြိုးပမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ရာ ယခုအခါ အသင်း (၂)သင်းအား ၂၀၁၂ ခုနှစ် ပြိုင်ပွဲမှ စ၍ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ အေအက်ဖ်စီ စည်းမျဉ်းများ အရ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၁ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှာ ပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ပြိုင်ခွင့် ရရှိခဲ့ပြီး ဒုတိယ ရရှိခဲ့သည့် ဧရာဝတီ ယူနိုက်တက် မှာမူ ခြေစစ်ပွဲ အဆင့်မှ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

ဧရာဝတီ ယူနိုက်တက် အသင်းသည် ခြေစစ်ပွဲ ပွဲစဉ်အဖြစ် မလေးရှား ကလပ် တာရင်ဂန်နူ အသင်းနှင့် ၂၀၁၂ ဖေဖော်ဝါရီ လအတွင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
 http://www.soccermyanmar.com/ မှ တဆင့်ကူးယူတင်ပြသည် 

ကျန်းမာချမ်းသာကြပါစေဗျာ

11/23/2011

မြန်မာ တတိယ ရ၍ ကတိအတိုင်း ကတုံးတုံး လိုက်ရသည့် မီဒီယာ ဒါရိုက်တာ

ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် တတိယ ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ရာ နောက်ဆက်တွဲ ရလဒ် တစ်ခု အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်သည် ကတုံးတုံး ခဲ့ရသည်ဟု သိရသည်။

ဦးစိုးမိုးကျော်သည် မြန်မာ ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှားသို့ လိုက်ပါ သွားခဲ့သည့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များထဲမှ တစ်ဦးဖြစ်ပြီး တတိယ လုပွဲ မတိုင်မီတွင် ကစားသမား များအား ကြေးတံဆိပ် ရပါက မိမိ ကတုံးတုံးမည်ဟု လောင်းကြေး ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးစိုးမိုးကျော်က ကစားသမား များအနေဖြင့် မခံချင်စိတ် ဖြစ်လာအောင် မြှောင့်ပင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ကတုံးဆံပင်နှင့် မလိုက်သော်လည်း ကျေနပ်ပါကြောင်း၊ မြန်မာအသင်းသာ အောင်မြင်မှု ရမည်ဆိုပါက နောက်ထပ်လည်း ကတုံးတုံးရန် အသင့် ရှိပါကြောင်း ဖွင့်ဟခဲ့သည်။

"ဘယ်လို ပြောရမှန်း မသိအောင် ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်၊ တကယ်ဆိုရင် ကျွန်တော့် ဆံပင်ပုံစံနဲ့ ရုပ်ရည်က ကတုံးနဲ့ လုံးဝ မလိုက်ဖက်ပါဘူး၊ ကတုံးတုံး လိုက်တော့ နဖူးပြောင်တာ ပိုသိသာပြီး ရုပ်ပိုဆိုး သွားတယ်ဗျ၊ ဆံပင်ညှပ် ဆိုင်က လူကတောင် ဆရာ့ပုံစံက ကတုံးနဲ့ မလိုက်ဘူးလို့ ပြောသေးတယ်၊ ဒါပေမဲ့ ကျွန်တော်အရမ်း ကျေနပ်တယ်" ဟု ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
ကတုံးဆံပင်နှင့် တွေ့ရသည့် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်

11/21/2011

မြန်မာဘောလုံး တတိယဆုရရှိ

မြန်မာဘောလုံး တတိယဆုရရှိ
ဆုကြေးချီးမြှင့်သူများ

၁။ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဒေါ်လာ - ၅ သောင်း
၂။ ဦးအောင်ကိုဝင်း (အသင်းပိုင်ရှင်၊ကမ္ဘေဇအက်ဖ်စီ) ဒေါ်လာ - ၅ သောင်း
၃။ ဒေါက်တာ စိုင်းဆမ်ထွန်း (အသင်းပိုင်ရှင်၊ ရတနာပုံ အက်ဖ်စီ) ဒေါ်လာ - ၁သောင်း
၎။ ဦးဖြိုးကိုကိုတင့်ဆန်း (အသင်းပိုင်ရှင်၊ နေပြည်တော် အက်ဖ်စီ) ဒေါ်လာ - ၁ သောင်း
၅။ ဦးဇော်မင်းသိန်း (အသင်းပိုင်ရှင်၊ ရက္ခပူရ အက်ဖ်စီ) ဒေါ်လာ - ၁ သောင်း
၆။ ဦးလှမျိုး (၀ါသနာရှင်၊ မန္တလေး) ဒေါ်လာ - ၁ သောင်း
၇။ ဦးဇော်ဝင်းရှိန် (၀ါသနာရှင်၊ ဧရာဝတီ) ဒေါ်လာ - ၁ သောင်း

ဆုကြေးပေါင်း ဒေါ်လာ ၁ သိန်း ၅ သောင်း

မြန်မာ ၄ - ၁ ဗီယမ်နမ် ( 21.11.2011 )



မြန်မာ ဘောလုံး အသင်း တတိယ ဆု ရရှိ



34' ကျော်ဇေယျာဝင်း

54' ကျော်ဇေယျာဝင်း


72' ဗီယမ်နမ် နောက်ခံလူ ( own goal )

84' ကျော်ကိုကို

87' ဗီယမ်နမ် တိုက်စစ်

11/19/2011

မြန်မာ vs မလေးရှား ( နောက်ဆုံး ရသတင်းများ )

မြန်မာအသင်း၏ လူစာရင်း
ဂိုး - သီဟစည်သူ
နောက်တန်း - ရန်အောင်ဝင်း၊ ဇော်ဇော်ဦး၊ ဇော်မင်းထွန်း၊ ရွှေလှိုင်ဝင်း
အလယ်တန်း - အေးဆန်း၊ ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ မင်းမင်းသူ၊ ပြည့်ဖြိုးဦး၊
ရှေ့တန်း - ကျော်ကိုကို
ကစားကွက် - 4-5-1
 ကြည့်ရှုနိုင်သော လင့်များ
Indo TV
www.rtm.gov.
http://www.onepunch.info/

အချိန် - မြန်မာစံတော်ချိန် ၃ နာရီ ၃၀ မိနစ်  (MRTV -4 မှ တိုက်ရိုက်ထုတ်လွှင့်မည် )
           ရုရှားစံတော်ချိန် နေ့လယ် ၁ နာရီ