လူနာတင် လေယာဉ်များ ၀ယ်ယူရန် ရန်ပုံငွေ တစ်ခုအတွက် ချယ်လ်ဆီး အသင်း၏ နာမည်ကျော် ကစားသမား နှစ်ဦးက တစ်ထောင့် တစ်နေရာမှ ပါဝင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂလန် လက်ရွေးစင်များ ဖြစ်ကြသည့် ဖရန့်ခ် လမ်းပတ်နှင့် ဂျွန်တယ်ရီ တို့သည် ၎င်းတို့၏ လက်မှတ် ထိုးထားသော ဘောလုံးကန် ဖိနပ်များကို လေလံတင် ရောင်းချနိုင်ရန် အသီးသီး လှူဒါန်း ခဲ့ခြင်းဖြစ်သည်။ Umbro ထုတ် Specaili Revolution နှင့် Adidasထုတ် Adipure ဖိနပ်တို့ကို အင်တာနက် လေလံ ၀က်ဘ်ဆိုက် eBay မှတဆင့် ရောင်းချမည် ဖြစ်ပြီး ရရှိလာသော ငွေများကို လူနာတင် လေယာဉ် ၀ယ်ယူရန် လှူဒါန်းသွားမည် ဖြစ်သည်။ ယင်းရန်ပုံငွေကို ကန့်၊ ဆာရေးနှင့် ဆက်ဆက်စ် ဒေသများ အတွက် လူနာတင် လေယာဉ်များ ၀ယ်ယူရန် ရည်ရွယ် တည်ထောင် ထားခြင်းဟု သိရသည်။

တယ်ရီ၏ ဘောလုံးကန် ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီး အသင်းတွင် ၀တ်ဆင်သော ကျောနံပါတ် (၂၆)နှင့် သမီး နှစ်ဦး၏ အမည်များကို ရေးထိုးထားသည်။ လမ်းပတ်၏ အရွယ်အစား နံပါတ်(၉) ဖိနပ်သည် (၂၀၀၈/၀၉) ဘောလုံးရာသီ FA ဖလား ဆွတ်ခူးစဉ်က စီးခဲ့ခြင်း ဖြစ်ပြီး Luna 8၊ Isle 8နှင့် Mum ဆိုသော စာသားများ ပါရှိသည်။ ချယ်လ်ဆီး အသင်း ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက “တယ်ရီနဲ့ လမ်းပတ်တို့ဟာ ကန့်၊ ဆာရေးနဲ့ ဆက်ဆက်စ် လေကြောင်း လူနာတင်ယာဉ် ၀ယ်ယူရေး ရန်ပုံငွေ အတွက် သူတို့ရဲ့ အမှတ်တရ ဘောလုံးကန် ဖိနပ်တွေကို လေလံတင် ရောင်းချပြီး ထည့်ဝင်လှူဒါန်း ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုရန်ပုံငွေသို့ Big Brother နာမည်ကျော် အစီအစဉ်မှူး ဒါဗီနာမက် ကောလ်ကလည်း သူမ၏ ပေါင်စတာလင် (၅၀၀)တန် အနက်ရောင် စတီလက်တို ဒေါက်မြင့် ဖိနပ်ကို လေလံတင် ရောင်းချရန် လှူဒါန်းခဲ့သည်။ အိုလံပစ် ရွှေတံဆိပ် ဆုရှင် ခရစ် အကာဘူရှီ၊ Rock ဂီတအဖွဲ့ Pendulumမှ ဂရတ်သ်မက် ဂရေးလ်၊ ကားမောင်း ချန်ပီယံ ဂျေဆန် ပလာတို တို့ကလည်း ၎င်းတို့၏ ဖိနပ်များကို အသီးသီး လှူဒါန်းခဲ့သည်။ eBay မှတဆင့် အဆိုပါ ပစ္စည်းများကို စက်တင်ဘာ (၁၅)ရက်နေ့မှ (၂၅)ရက်နေ့ထိ လေလံတင် ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။

လူနာတင် လေယာဉ် အတွက် လှူဒါန်းမည့် လမ်းပတ်၏ ဖိနပ်

![]() |
Frank-Lampard |
![]() |
john-terry |
No comments:
Post a Comment