အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ ထိပ်တန်း အရာရှိအချို့သည် နည်းပြကာပယ်လို၏ လုပ်နည်းလုပ်ဟန်အချို့ကို စိတ်တိုင်းမကျဖြစ်လျက်ရှိပြီး ယူရို ၂၀၁၂ ခြေစစ်ပွဲပြီးဆုံးချိန်တွင် ရာထူးမှ ထုတ်ပယ်ရန် ဆန္ဒရှိနေကြကြောင်း သိရသည်။ ကာပယ်လိုသည် ယူရို ၂၀၁၂ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အင်္ဂလန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ရာထူးမှ ထွက်ခွာမည်ဟု တရားဝင်ထုတ်ပြန်ထားသူ ဖြစ်သည်။ သို့ရာတွင် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မှ တာဝန်ရှိသူတို့သည် ကာပယ်လို၏ ကစားသမားများအပေါ် အလွန်အမင်းစည်းကမ်းတင်းကျပ်စွာ ဆက်ဆံနေမှု၊ နည်းဗျူဟာမှာ အင်္ဂလန်ကစားသမားများနှင့် သင့်တောင်ခြင်းမရှိဟု ယုံကြည်နေသဖြင့် ယူရို ၂၀၁၂ ပြိုင်ပွဲပြီးဆုံးအောင် မစောင့်ဆိုင်းတော့ဘဲ ခြေစစ်ပွဲပြီးဆုံးချိန်တွင်ပင် ရာထူးမှ ထုတ်ပယ်ရန် ဆန္ဒရှိနေ ကြခြင်းဖြစ်သည်။
ထို့နောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ ထိပ်တန်းအရာရှိများသည် ကာပယ်လို၏ နေရာတွင် အင်္ဂလန်နိုင်ငံ
သား နည်းပြတစ်ဦးဖြင့် အစားထိုးသွားမည်ဖြစ်သည်။ ကာပယ်လို၏ နေရာတွင် အသင့်တော်ဆုံး နည်းပြ အဖြစ် ထိပ်ဆုံးမှ ရေပန်းစားနေသူမှာ စပါးနည်းပြဟယ်ရီရက်နပ်ဖြစ်သည်။ စပါးဥက္ကဋ္ဌလီဗိုင်းကလည်း ရက်နပ်ကိုသာ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က အလိုရှိပါက လက်လွှတ်သွားမည်ဟု ထုတ်ပြန်ထားပြီး ဖြစ်သည်။
အီတလီလူမျိုးနည်းပြကာပယ်လိုသည် ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သည့်အတွက် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့်အပြင် ကစားသမာများနှင့် ဆက်ဆံရေးအဆင်မပြေ ဖြစ်နေသူဖြစ်ပြီး မကြာခဏ ဝေဖန်ခံခဲ့ရသည်။ မကြာသေးမီကလည်း ဝဲလ်ကော့နှင့်ဗီလာနောက်ခံလူ လုခ်ယန်းတို့သည် ကာပယ်လိုကို ဝေဖန်သွားခဲ့ကြသည်။
မြန်မာသတင်းဇုံ မှ ကူးယူတင်ပြသည် ။
No comments:
Post a Comment