9/12/2011

Body Language

ခန္ဓာကိုယ် ဘာသာစကား ဟာ ပေါင်းသင်း ဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေ မှာ ကောင်းကျိုး တွေကို ပေးနိုင်စွမ်း ရှိပါတယ်။
သင် သိပါရဲ့လား
မျက်နှာချင်းဆိုင် တွေ့ဆုံရတဲ့ အခြေအနေဟာ စကားပြောစရာ မလိုဘဲ နဲ့ တောင် ၅၅ ရာခိုင်နှုန်း အထိ နားလည်မှုရှိပါတယ်။ ဆုံတွေ့တဲ့အခါ သင်ပြောရမယ့် စကားလုံး အရေအတွက်က ခုနစ် ရာခိုင်နှုန်း လောက် ပို နည်းသွားပြီး အသံပမာဏဟာ ၃၈ ရာခိုင်နှုန်း လောက် ပဲ ကျယ်စရာ လိုပါတယ်။




ခံစားမှုနှင့် ခန္ဓာကိုယ်အမူအရာ


သင့် အနေ နဲ့ လူတစ်ယောက် နဲ့ ဆုံတဲ့ အချိန်မှာ အောက်ပါ အမူအရာတွေ ပြသပြီး သင့် ခံစားမှုကို ပြသနိုင် ပါတယ်။



ခင်မင်တယ် ဆိုတာကို ပြချင်ရင်

- ပြုံးပြပါ

- ခေါင်းညိတ်ပြီး အသိအမှတ် ပြုပေးပါ

- နွေးထွေး ခင်မင်တဲ့ အနေ နဲ့ လက်ဆွဲ နှုတ်ဆက်ပါ

- နူးညံ့တဲ့ မျက်လုံး နဲ့ ကြည့်ပါ





တည်ငြိမ်မှု ရှိတယ် ဆိုတာကို ပြချင်ရင်

- ၀င်လေ၊ ထွက်လေကို တိုင်းတာ မှတ်သားပါ

- ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်း ကို ငြိမ်သက် အေးဆေး နေအောင် ထားပါ

- ပခုံးတွေကို လျှော့ချ ထားပါ၊ တင်း မထားပါနဲ့

- လက်သီးဆုပ် မထား ပါနဲ့

- ထိုင်ခုံပေါ်မှာ နောက်မှီပြီး သက်သောင့် သက်သာ ထိုင်ပါ





ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ် ဆိုတာကို ပြချင်ရင်

- မတ်မတ် ထိုင်ပါ၊ မတ်မတ် ရပ်ပါ

- မျက်လုံးချင်း ဆုံကြည့်ပါ

- မျက်နှာ အနေအထားကို သက်သောင့် သက်သာ ထားပါ

- ပွင့်လင်း စစ်မှန်တဲ့ အပြုံးကို ပြုံးပါ

- လက်ဟန် ခြေဟန် နဲ့ စကားပြောပါ



ဦးဆောင် နိုင်တယ် ဆိုတာကို ပြချင်ရင်

- လက်ဆွဲ နှုတ်ဆက်တဲ့ အခါ မြဲမြဲ မြံမြံ ဆုပ်ကိုင်ပါ၊ မျက်လုံးချင်း ဆုံပြီး ကြည့်ပါ

- ခန္ဓာကိုယ် အနေအထားကို မတ်မတ် ထားပါ

- လက်သီး ဆုပ်တာ၊ နှုတ်ခမ်း ကိုက်တာမျိုး မလုပ်ပါနဲ့

   *လက်ဟန် ခြေဟန် နဲ့ စကားပြောတဲ့ အခါ သိမ်သိမ် မွေ့မွေ့ ရှိပါစေ

No comments:

Post a Comment