အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်မည့် Ytalk ဝန်ဆောင်မှု စတင်မည် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်သည်
ပြည်တွင်း၊ ပြည်ပ အွန်လိုင်းမှတစ်ဆင့် တယ်လီဖုန်း ခေါ်ဆိုနိုင်မည့် Ytalk ဟူသည့်
ဝန်ဆောင်မှုတစ်ခုကို ယခုနှစ်မကုန်မီ အချိန်အတွင်း စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း
ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တရားမဝင်ဟု သတ်မှတ်ထားသည့် Pfingo၊ VZO ကဲ့သို့သော
နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများ ပပျောက်စေရန်အတွက် ယင်းဝန်ဆောင်မှုကို ရောင်းချရန် စီစဉ်ရခြင်းဖြစ်ကြောင်း
သိရသည်။
Ytalk စနစ်ဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ တယ်လီဖုန်း ခေါ်ဆိုနိုင်သည့် အဆိုပါ ဝန်ဆောင်မှုကို
ရတနာပုံတယ်လီပို့ ကုမ္ပဏီက ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့
ကြိုတင်ငွေဖြည့်စနစ်ဖြင့် ရောင်းချရာတွင် မြန်မာကျပ်ငွေအပြင် အက်ဖ်အီးစီဖြင့်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း
အထက်ပါ တာဝန်ရှိသူက ပြောသည်။ တယ်လီဖုန်း ခေါ်ဆိုနိုင်သည့် သတ်မှတ်နှုန်းထားများကိုမူ အသက်သာဆုံး
ပမာဏများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် http://ytalk.yatanarpon.com.mm တွင် ကိုယ်ပိုင်
Ytalk Calling Account တစ်ခုကို ဖွင့်ထားရမည် ဖြစ်သည်။ ယင်းကဲ့သို့ ရတနာပုံဝက်ဘ်ပေါ်တယ်ပေါ်တွင် နိုင်ငံတကာသို့
တယ်လီဖုန်း ခေါ်ဆိုနိုင်သည့် စနစ်အား အစိုးရက ပထမဦးဆုံးအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး VOIP စနစ်ဖြင့်
အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment