10/14/2011

BIDC ဖိတ်ခေါ် ဖလားဖိုင်နယ်သို့ မြန်မာလူငယ် တက်ရောက်ခဲ့

ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပလျှက် ရှိသည့် BIDC ဖိတ်ခေါ်ဖလားသို့ သွားရောက် ယှဉ်ပြိုင်လျှက် ရှိနေသည့် မြန်မာ ယူ-၂၁ ဘောလုံး အသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် အသင်းအား အနိုင်ရကာ ဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ အသင်းသည် အုပ်စုတွင်း ပွဲစဉ်များ ယှဉ်ပြိုင်စဉ်က လာအိုအား ၄ဂိုးပြတ် အနိုင်ရကာ အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် နှစ်ဂိုးစီ သရေကျပြီး ဆီမီးဖိုင်နယ်သို့ တက်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးတွင် ဗီယက်နမ် အသင်းနှင့် ရင်ဆိုင်ရာတွင် ပထမပိုင်း၌ ၁-၀ဖြင့် ရှုံးနိမ့်နေခဲ့ သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုး ပြန်ရခဲ့ပြီး ၁-၁ သရေ ဖြစ်နေခဲ့သည်။ ထို့နောက်တွင် ပင်နယ်တီ ဆုံးဖြတ်ချက် ခံယူခဲ့ရာ မြန်မာ ဂိုးသမား ပြည့်ဖြိုးအောင် လက်စွမ်းပြကာ နှစ်ဂိုး ကာကွယ် နိုင်ခဲ့ပြီး ၆-၅ဖြင့် ဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းသည် အိမ်ရှင် ကမ္ဘောဒီးယားအား ၂-၁ဖြင့် အနိုင်ရကာ ဖိုင်နယ်တက်လာသည့် ထိုင်းအသင်းနှင့် အောက်တိုဘာ ၁၆ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာ ယူ-၂၁ အသင်း

No comments:

Post a Comment