(၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ ဘောလုံး အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှု နောက်ဆုံး ခြေစမ်းပွဲ အဖြစ်
ယနေ့ ညနေပိုင်းတွင် ချင်းယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုပွဲစဉ်ကို ကြည့်ရောက်ရန် ဘားရက် အိုဘားမား ၊ လက်မှတ်တစောင်ကို မနက် ၄ နာရီ ထိုး တွင် ဖုန်းဆက် မှာယူခဲ့ကြောင်းသိရသည်။
ထိုအတူ ပွဲစဉ်တလျှောက် ကိုယ်တိုင်လာရောက်ကြည့်ရှု ချင်ကြသော မန်ယူနည်းပြကြီး ဖာဂူဆန် ၊ မန်စီးတီး နည်းပြကြီး မန်ချီနီ တို့ကလည်း
နှစ်ယောက်ပေါင်းပြီး လေယာဉ် တစ်စီး ငှားရမ်းကာ မန်ယူ အသင်း သား များနှင့် မန်စီးတီး အသင်းသားများ ဘောလုံး ပညာ များ သင်ယူနိုင်ရန်
မြန်မာပြည်သို့ မနက် ၆ နာရီ ၉ မိနစ်တွင် ရန်ကုန်လေဆိပ်တို့ ရောက်ရှိကြောင်း သတင်းများ ရရှိခဲ့သည် ။
ထိုကဲ့သို့ ပင် စပိန် ထိပ်ကြီး ကလပ် နှစ်သင်း ဖြစ်တဲ့ ရီးရဲ နဲ့ ဘာစီလိုနာ အသင်း အသီးသီးကလည်း ကိုယ်ပိုင် လေယာဉ်များဖြင့် သင်းလုံးကျွတ်
အားပေးရန် နှင့် မြန်မာ့ ဘောလုံး နည်းပညာများ သင်ယူ ဆည်းပူးရန် မနက် ၈ နာရီ အထိုး ဆီဒိုးနား ဟိုတယ် သို့ ရောက်ရှိနေပြီး ကြောင်း
ဆီဒိုးနား ဟော်တယ် မန်နေဂျာ ထံမှာ သတင်းရယူခဲ့ပါသည်။
ပွဲစဉ်မစ မီ ဖျော်ဖြည် က ပြရန် ပြည်တွင်း ပြည်ပ အဆိုတော် ၊ Dancer များစွာကိုလည်း ဖျော်ဖြေတင်ဆက်ရန် ဖိတ်ခေါ်ထားကြောင်း ၊
ရှက်ကီရာမှာလည်း ပီကေးနဲ့ အတူ ဘာစီလိုနာ အသင်းနဲ့ လိုက်ပါလာပြီး ကပြမည် ဟု
သတင်းရထားပါတယ်၊
မြန်မာ့ လက်ရွှေးစင် ယူ -23 Vs Chin United FC ကွင်းဝင်ကြေး များမှာ
အထူးတန်း ဒေါ်လာ ၁၀၀၀
ရိုးရိုးတန်း ဒေါ်လာ ၅၀၀
လက်မှတ်များကို အွန်လိုင်း မှ ရောင်းချခဲ့သည်
လက်ကျန် ၅ စောင်ကို လေလံတင်ရောင်းချရာ
ဒေါ်လာ ၃၀၀၀ ဖြစ် ဝယ်ယူသွားကြောင်း
လက်ကျန် လက်မှတ် ၁ - ဘားရက် အိုဘားမား ( မနက် ၄ နာရီဖုန်းထဆက်လို့ မီသွားကြောင်း ဒေါ်လာ ၃၀၀၀ ကို ၃၁၀၀ ဖြင့် ပေးဝယ်သွားကြောင်း )
လက်ကျန် လက်မှတ် ၂ - ဒေးဗစ် ဘက်ခမ်း ( ထိုနည်းလည်းကောင်း ...............................................................................................)
လက်ကျန် လက်မှတ် ၃ - ဂျိုးလီ
လက်ကျန် လက်မှတ် ၄ - ပီလီ ( ဘရားဇိး လက်ရွှေးစင်ဟောင်း )
လက်ကျန် လက်မှတ် ၅ - မာရာဒိုနာ တို့မှ အသည်း အသန် ဒေါ်လာ များ ပေးဝယ်သွားကြောင်း သိရသည် ...
သတင်းကောင်း ။ လက်မှတ်မရ၍ အားပေးလိုသော ပရိတ်သတ်များ အတွက် အွန်လိုင်း ၊ စလောင်း လိုင်း ၊ ဖုန်းလိုင်းများမှ တဆင့်ထုတ်လွှင့် ပေးသွားမယ်
ပြည်တွင်း ထုတ်လွှင့်ပေးမယ့် လိုင်းများ ---- MRTV 4 . Sky Net . MWD .MTRV .Movie5
ပြည်ပရောက် ပရိတ်သတ်များ အတွက် -------ESPN / Sport / myp4p.net /http://livetv.ru / http://livetv.eu နှင့် လိုင်းပေါင်းများစွာ ချိတ်ဆက်ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရပါသည်

တော်တော်ကောင်းတဲ့ ဘောလုံး သတင်းတစ်ပုဒ်ပဲနော်...။
ReplyDeleteအခုလို သတင်းကောင်းတွေကို အချိန်မှီထုတ်ပြန်ကြေငြာပေးသွားတဲ့ မိုးတိမ်ဖြူ ဆိုဒ်ကို ကျေးဇူးအများကြီးတင်တယ်နော်။ :) :)
ဒီပုံစံအတိုင်းဆိုရင်တော့ ကျွန်တော်တို့တောင် MRTV ကပဲ ကြည့်ရတော့မယ်ထင်တယ်။ လက်မှတ်မရလို့...။ :)
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ