မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ကလပ်အသင်း တာဝန်ရှိသူများသည် ၂၀၁၂ အေအက်ဖ်စီ ဖလားပွဲသို့ နေရှင်နယ်လိဂ် ကလပ်များ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေး အတွက် ကြိုးပမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ရာ ယခုအခါ အသင်း (၂)သင်းအား ၂၀၁၂ ခုနှစ် ပြိုင်ပွဲမှ စ၍ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ အေအက်ဖ်စီ စည်းမျဉ်းများ အရ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၁ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှာ ပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ပြိုင်ခွင့် ရရှိခဲ့ပြီး ဒုတိယ ရရှိခဲ့သည့် ဧရာဝတီ ယူနိုက်တက် မှာမူ ခြေစစ်ပွဲ အဆင့်မှ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
ဧရာဝတီ ယူနိုက်တက် အသင်းသည် ခြေစစ်ပွဲ ပွဲစဉ်အဖြစ် မလေးရှား ကလပ် တာရင်ဂန်နူ အသင်းနှင့် ၂၀၁၂ ဖေဖော်ဝါရီ လအတွင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
http://www.soccermyanmar.com/ မှ တဆင့်ကူးယူတင်ပြသည်
ကျန်းမာချမ်းသာကြပါစေဗျာ
No comments:
Post a Comment