11/01/2011

ဖီဖာမှ ချီးမြှင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ ခုနှစ်အတွက် ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့

ဖီဖာမှ ချီးမြှင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ ခုနှစ်အတွက် ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့
ဖီဖာမှ ချီးမြှင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ ခုနှစ်အတွက် ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ချီးမြင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ အတွက် ၂၃-ဦးဇကာတင် စာရင်းအား ထုတ်ပြန်ကြေငြာခဲ့ရာ ဘာစီလိုနာ အသင်းမှ ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီနှင့် ရီးရဲလ်မက်ဒရစ် ဂိုးသွင်းသူရဲကောင်း ခရစ္စတီယံနို ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်
အဆိုပါ စာရင်းအား ၂၀၁၀ ကမ္ဘာ့ဖလား အနိုင်ရရှိခဲ့သည့် စပိန်အသင်းမှ ကစားသမားများက လွှမ်းမိုးထားပြီး ၂၃-ဦးတွင် (၇)ဦးထိ ပါဝင်ခဲ့ပြီး ၂၀၁၁ ကိုပါအမေရိက ဖလားပိုင်ရှင် ဥရုဂွေး အသင်းမှ ကစားသမား(၂)ယောက် ပါဝင်လာခဲ့ကြောင်း သိရသည်။ဂျာမဏီကစားသမား (၃)ဦးထိ အဆိုပါ စာရင်းတွင် ပါဝင်ခဲ့ပြီး ဒုတိယ အများဆုံးဖြစ်ကာ ပြင်သစ်၊ အာဂျင်တီးနားနှင့် ဘရာဇီး တို့မှ ကစားသမား(၂)ဦးစီ အသီးသီး ပါဝင်ခဲ့ကြသည်။အဆိုပါ စာရင်းတွင် အာဖရိကမှ တစ်ဦးတည်းသော ကစားသမားအဖြစ် အန်ဇီအသင်းမှ တိုက်စစ်မှူး အီတိုး သာပါဝင်ခဲ့သည်။

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဘာစီလိုနာ အသင်းသည် တစ်ခြား ကလပ်အသင်းများထက် အဆိုပါ စာရင်းအား လွှမ်းမိုးထားနိုင်ပြီး နေရာအလိုက် ကစားသမား (၈)ဦးထိ များပြားစွာ ပါဝင်လာခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ဆုအား ဆွတ်ခူး ရရှိသူ၏ အမည်စာရင်းအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် Zurich Kongresshaus ၌ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း သိရပြီး မဲအများဆုံးပေးခြင်း ခံရသည့် ဇကာတင် (၃)ယောက်စာရင်းအား ဒီဇင်ဘာလ ၅ ရက် ၂၀၁၁ ခုနှစ်တွင် ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်း တို့က ထုတ်ပြန် ကြေငြာသွားမည် ဖြစ်သည်။

ယမန်နှစ်က အဆိုပါ ဆုအား ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သူ၏ တစ်သင်းတည်း ကစားဖေါ် ဇာဗီနှင့် အင်နီယက်စတာတို့အား ဖြတ်ကျော်ပြီး ဆွတ်ခူး ရရှိခဲ့သည်။

ဇကာတင် (၂၃)ဦး စာရင်း
Eric Abidal, Karim Benzema (France), Sergio Aguero, Lionel Messi (Argentina), Iker Casillas, Cesc Fabregas, Andres Iniesta, Gerard Pique, David Villa, Xabi Alonso, Xavi (Spain),
Cristiano Ronaldo, Nani (Portugal), Dani Alves, Neymar (Brazil), Samuel Eto’o (Cameroon), Diego Forlan, Luis Suarez (Uruguay), Thomas Muller, Mesut Ozil, Bastian Schweinsteiger (Germany), Wayne Rooney (England), Wesley Sneijder (Netherlands).


တစ်ချိန်တည်းမှာပင် အမျိုးသားဘောလုံးလောက၏ ၂၀၁၁ ခုနှစ်အတွက် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် နည်းပြ (၁၀)ဦးစာရင်းကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

ဇကာတင်နည်းပြ (၁၀)ဦးစာရင်းVicente del Bosque (Spain national team), Sir Alex Ferguson (Manchester United), Rudi Garcia (Lille), Pep Guardiola (Barcelona), Jurgen Klopp (Borussia Dortmund), Joachim Low (Germany national team), Jose Mourinho (Real Madrid), Oscar Tabarez (Uruguay national team), Andre Villas-Boas (Porto, Chelsea), Arsene Wenger (Arsenal).

No comments:

Post a Comment