သူငယ်ချင်း ဆိုတာ ကိုယ့်ဆီလာလည်တက် သလို
သူငယ်ချင်း ဆီကိုလည်း ကိုယ်က သွားလည်တက်တယ်
ကိုယ်က အကုသိုလ်အလုပ်တွေကို သူငယ်ချင်းလို ခင်မင်နေရင်
အကုသိုလ် တရားတွေက ကိုယ့်ဆီလာလည်လိမ့်မယ်
အကုသိုလ် အကျိုးတွေကို ခံစားရမယ်
ကိုယ်က ကုသိုလ် အလုပ်တွေကို သူငယ်ချင်းလို ခင်မင်နေရင်
ကုသိုလ် တရားတွေက ကိုယ့်ဆီလာလည်လိမ့်မယ်
ကုသိုလ် အကျိုး တရားတွေကို ခံစားရမယ်
အကုသိုလ် အကျိုး တရားတွေကို မခံစားနိုင်ဘူး
မခံစားချင်ရင်တော့ အကုသိုလ် အလုပ်ကို
မစဉ်းစားနဲ့ ၊ မလုပ်နဲ့ ၊တွေးတောင် မတွေးမိစေနဲ့
ကုသိုလ် အကျိုးတွေပဲ ခံစားချင်ရင်တော့
ကုသိုလ် ဖြစ်အောင် တွေး ၊ စဉ်းစား
ကုသိုလ် ရမယ့် အလုပ်တွေ အကုန်လုပ်ယုံပေါ့
အကုသိုလ် အလုပ်တွေကို ခင်မင်နေရင်တော့
ဒုက္ခရောက်ရင်လည်း ငြီးမနေနဲ့
ကိုယ် ကိုယ်တိုင် လုပ်လို့ ခံစားရတာပဲလေ
နဂို ကတည်းက မကြိုက်ရင် မလုပ်နဲ့ပေါ့
No comments:
Post a Comment