မြန်မာဘောလုံး အသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင် ခံထားရခြင်းနှင့် ပတ်သက်၍ အယူခံလွှာ တင်သွင်းခဲ့ရာ ဖီဖာက လက်ခံ ခဲ့ခြင်းနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မင်္ဂလာရှိသည့် နေ့ရက်တစ်ရက် ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ဖွင့်ဟ ပြောကြားခဲ့သည်။
ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ဦးဇော်ဇော်က "ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့ရက်တစ်ရက် ပါပဲ။ ဖီဖာကို အယူခံ ၀င်တာက မရသလောက် နီးပါး ခက်ခဲပါတယ်။ အခုကိစ္စမှ အောင်မြင်တာပါ။ ဒါကြောင့်လည်း အရမ်းကို ၀မ်းသာပါတယ်။ အခုချိန်မှာတော့ ဗီယက်နမ်နဲ့ ဆီးဂိမ်းစ်ပွဲ ရလဒ်ကောင်းဖို့ပဲ မျှော်လင့်ပါတယ်" ဟု ဖွင်ဟ ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၃ ဘောလုံး အသင်းသည် ယနေ့ညနေ မြန်မာ စံတော်ချိန် ၆း၃၀ အချိန်တွင် ဗီယက်နမ် အသင်းနှင့် အရေးပါသည့် အုပ်စု ပွဲစဉ်အား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပထမပွဲတွင် မြန်မာတို့ အနေဖြင့် လာအိုအား တစ်ယောက်လျော့ဖြင့် ပွဲချိန်ပြည့် နီးပါး ကစားခဲ့ရ သော်လည်း ပွဲအပြီးတွင် (၃-၂)ဖြင့် အနိုင်ရရှိခဲ့သည်။ ယခု ဒုတိယပွဲတွင် ရလဒ်ကောင်း ရရှိရေး ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ခေါင်းဆောင် အဖြစ် လိုက်ပါသွားသည့် ဦးအောင်မိုးကျော်တို့က အကောင်းဆုံး ပံ့ပိုးကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။
ထို့အတူ မြန်မာ ကစားသမားများ အစားအသောက် အဆင်မပြေ မဖြစ်စေရန် အတွက် မြန်မာနိုင်ငံမှ စားဖိုမှူးများ ခေါ်ဆောင် သွားကာ ချက်ပြုတ် ကျွေးမွေးလျှက် ရှိကြောင်းလည်း သိရှိရသည်။

အိုမန်နှင့် ပွဲစဉ်တွင် ပရိသတ်အား လိုက်လံ မေတ္တာရပ်ခံခဲ့သည့် ဦးဇော်ဇော်နှင့် အဖွဲ့
မြန်မာ ယူ-၂၃ ဘောလုံး အသင်းသည် ယနေ့ညနေ မြန်မာ စံတော်ချိန် ၆း၃၀ အချိန်တွင် ဗီယက်နမ် အသင်းနှင့် အရေးပါသည့် အုပ်စု ပွဲစဉ်အား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပထမပွဲတွင် မြန်မာတို့ အနေဖြင့် လာအိုအား တစ်ယောက်လျော့ဖြင့် ပွဲချိန်ပြည့် နီးပါး ကစားခဲ့ရ သော်လည်း ပွဲအပြီးတွင် (၃-၂)ဖြင့် အနိုင်ရရှိခဲ့သည်။ ယခု ဒုတိယပွဲတွင် ရလဒ်ကောင်း ရရှိရေး ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ခေါင်းဆောင် အဖြစ် လိုက်ပါသွားသည့် ဦးအောင်မိုးကျော်တို့က အကောင်းဆုံး ပံ့ပိုးကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။
ထို့အတူ မြန်မာ ကစားသမားများ အစားအသောက် အဆင်မပြေ မဖြစ်စေရန် အတွက် မြန်မာနိုင်ငံမှ စားဖိုမှူးများ ခေါ်ဆောင် သွားကာ ချက်ပြုတ် ကျွေးမွေးလျှက် ရှိကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment