3/20/2012

တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး ကစားသမားများ စာရင်းတွင် မက်ဆီဦးဆောင်

တစ်နှစ်တာ ၀င်ငွေ အကောင်းဆုံး ကစားသမားများ စာရင်းတွင် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီက ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရှိရသည်။
ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို (၃)နှစ်ဆက် ရရှိခဲ့သော အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့်သည့် ဒေးဗစ်ဘက်ဟမ်းနှင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံး နေရာ၌ အခန့်သား ရှိနေခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ယမန်နှစ်က လုပ်ခ လစာနှင့် စပွန်ဆာ သဘော တူညီမှုများမှ ယူရို (၃၃)သန်း အသားတင် စုမိဆောင်းမိ ရှိခဲ့ကြောင်း ပြင်သစ် ဘောလုံး မဂ္ဂဇင်းက ထုတ်ပြန်သည့် အချက်အလက် စာရင်းအရ သိရှိရသည်။ မက်ဆီသည် ယခု ရာသီတွင် ဘာစီလိုနာ အတွက် (၄၄)ပွဲ၌ (၅၁)ဂိုး သွင်းယူ ပေးထားပြီး ဖြစ်သည်။


မက်ဆီသည် ယမန်နှစ်က လုပ်ခလစာနှင့် စပွန်ဆာ သဘော တူညီမှုများမှ ယူရို (၃၃)သန်း အသားတင် စုမိဆောင်းမိ ရှိခဲ့...
မက်ဆီ၏ နောက်တွင် ဒုတိယ ၀င်ငွေ အကောင်းဆုံး အဖြစ် ရပ်တည် နေသူမှာ အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီမှ ဘက်ဟမ်းဖြစ်သည်။ ၎င်း၏ တစ်နှစ်တာ ၀င်ငွေသည် ယူရို (၃၁.၅)သန်း ရှိခဲ့သည်။ ရော်နယ်လ်ဒိုမှာမူ ယူရို (၂၉.၂)သန်း လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည်။ ထိပ်ဆုံး(၁၀)ဦး စာရင်းတွင် ပရီးမီးယားလိဂ် အခြေစိုက် ကစားသမား (၄)ဦး ပါဝင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ရွေးချယ် ဖော်ပြသည့် တစ်နှစ်အတွင်း ၀င်ငွေ အမြင့်မားဆုံး ကစားသမား (၁၀)ဦး စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ လီယွန်နယ်လ် မက်ဆီ (ယူရို ၃၃ သန်း)
၂၊ ဒေးဗစ်ဘက်ဟမ်း (ယူရို ၃၁.၅ သန်း)
၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို (ယူရို ၂၉.၅ သန်း)
၎။ ဆမ်မြူရယ်လ် အီတူး (ယူရို ၂၃.၃ သန်း)
၅။ ၀ိန်း ရွန်နီ (ယူရို ၂၀.၆ သန်း)
၆။ ဆာဂျီယို အဂူရို (ယူရို ၁၈.၈ သန်း)
၇။ ယာယာ တိုရေး (ယူရို ၁၇.၆ သန်း)
၈။ ဖာနန်ဒို တောရက်စ် (ယူရို ၁၆.၇ သန်း)
၉။ ရီကာဒို ကာကာ (ယူရို ၁၅.၅ သန်း)
၁၀။ ဖိလစ် လမ်း (ယူရို ၁၄.၃ သန်း)

http://www.soccermyanmar.com/  မှ တဆင့်ကူးယူတင်ပြသည်

ကျန်းမာချမ်းသာကြပါစေဗျာ

No comments:

Post a Comment