9/21/2011

လိင်အင်္ဂါ နှစ်ခုလုံးပါတဲ့ မော်ဒန်လေး

ပိုလန်နိုင်ငံမှ ထိပ်တန်း မော်ဒယ်လ် ပြိုင်ပွဲဝင် အသက် ၂၂နှစ် အရွယ် Michalina Manios က ၄င်းကိုမွေး ဖွားစဉ်က ယောကျာ်း အင်္ဂါရော၊ မိန်းမ အင်္ဂါပါ နှစ်မျိုးစလုံး ပါရှိခဲ့ကြောင်း ပြောပြပြီး ဒိုင်လူကြီးတွေနဲ့ ပရိသတ်
အားလုံးရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါ တယ်။ ထိုပြိုင်ပွဲဟာ Reality TV Show တစ်ခုဖြစ်ပါတယ်။ ၄င်းဟာ မွေးဖွား လာကတည်းက မနှင့်ဖို မျိုးပွားအင်္ဂါ နှစ်ခုစလုံး ပိုင်ဆိုင် ခဲ့ပြီး မွေးဖွားပေးခဲ့တဲ့ ဆရာဝန်များက ယောကျာ်းလေးအဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။ ၄င်း၏ အသက် ၁၈နှစ်မတိုင် မီအထိ ယောကျာ်းလေးအဖြစ် စိတ်ဆင်း ရဲစွာနေထိုင်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ၄င်းမှာ ငယ်စဉ်ကတည်းက မိန်းမသားစိတ်က လွှမ်းမိုးနေလို့ ဖြစ်ပါတယ်။ အသက်၁၈နှစ် ပြည့်သည့် အချိန် ဆရာဝန်များ၏ ခွင့်ပြုချက်ရမှ ၄င်းရဲ့ ယောကျာ်းအင်္ဂါကို ခွဲစိတ် ဖယ်ရှားကာ မိန်းမတစ်ယောက် အဖြစ် တရားဝင် နေထိုင်ခဲ့ပါတယ်။ ထို့နောက် သူမရဲ့ ရည်မှန်းချက်ဖြစ် တဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ယောက် ဖြစ်လာရန် ယခုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဘာသာဗေဒပညာကို လေ့လာခဲ့ပြီး ဘာသာစကား ၆မျိုးကို ကျွမ်းကျင်ပိုင် နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။
ဇင်မာမြင့်
ရိုးရာလေး မှ ကူးယူတင်ပြသည်

No comments:

Post a Comment