9/23/2011

ဝီဂန် လေ့ကျင့်ရေးကွင်းမှ ဘောလုံး ၄၈ လုံး အခိုးခံရ


သူခိုးများသည် ၀ီဂန်အသင်း လေ့ကျင့်ရေးကွင်းမှ ဘောလုံး ၄၈ လုံးကို ကြာသပတေးနေ့က ခိုးယူသွားခဲ့ကြောင်း သိရသည်။  ထိုနေ့က ၀ီဂန်က စားသမားများသည် ဘောလုံးများ ပျောက်ဆုံးနေချိန်တွင် ကွင်းပတ်ပြေးနေခဲ့ရသည်ဟု ဆိုသည်။

   သူခိုးများသည် လေ့ကျင့်ရေးကွင်း ဘေးပေါက်မှ တိတ်တဆိတ်ဝင်ရောက်လာပြီး ကွင်းထဲရှိ ဘောလုံး ၁၂ လုံးပါ အိတ်ကြီး ၄ လုံးကို ခိုးယူသွားခဲ့ဖွယ်ရှိသည်ဟုဆိုသည်။

   ယင်းကိစ္စနှင့် ပတ်သက်၍ ၀ီဂန်အသင်းက မှတ်ချက်ချပြောဆိုခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့က သူခိုးများ၏ သတင်းကို ရရှိထားကြောင်း ပြောကြားခဲ့သည်။

   ပရိသတ် တစ်ဦးက “ကွင်းထဲက အလုပ်သမား တစ်ယောက်က ကျွန်တော့်ကို ဘောလုံးအိတ်ကြီး ၄ အိတ် တွေ့မိလားလို့ လာမေးတယ်။ သူတို့ထားခဲ့တာ ၅ အိတ်ပါတဲ့။ ဒါပေမယ့် ၄ အိတ်ပျောက်ပြီး ၁ အိတ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပြီး ကျွန်တော့်ကို လာပြောသွားပါတယ်”ဟု ပြောကြားခဲ့သည်။

   လေ့ကျင့်ရေးကွင်းသို့ ပထမဦးဆုံး ရောက်ရှိလာသည့် ဂိုးသမားများသည် ကျစ်ရစ်ခဲ့သည့် အိတ်ကြီး ၁ လုံးမှ ဘောလုံး ၁၂ လုံးနှင့် အတူ လေ့ကျင့်မှုများပြုလုပ်နေခဲ့ပြီး ကျန်ကစားသမားများ ရောက်ရှိလာချိန်တွင် ကွင်းထဲ၌ မက်တပ်ရပ်နေခဲ့ရကာ အချို့မှာ ပျောက်ဆုံးနေသော ဘောလုံးများကို ရှာဖွေနေခဲ့ရသည်။

http://www.teashoptalk.com/ မှ တဆင့် ကူးယူတင်ပြသည်

No comments:

Post a Comment