အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု G နောက်ဆုံး ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံရှိ ဒက်ဘ်ဟတ်ဆာဒင် အားကစားကွင်းတွင် ယမန်နေ့ ဒေသ စံတော်ချိန် ညနေ ၆ နာရီက မြန်မာအသင်းနှင့် ဂူအမ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက ၇းဝ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အုပ်စု အနေအထားအရ ခြေစစ်ပွဲ အောင်မြင်ရန် မဖြစ်နိုင်တော့သည့် အဆိုပါ အသင်း နှစ်သင်းသည် လာရောက် အားပေးကြည့်ရှုခဲ့ကြသည့် ပရိသတ် ၁၀၀ ခန့်၏ ရှေ့မှောက်တွင် ကစားခဲ့ပြီး ပွဲချိန် အတွင်းတွင် မိုးများ ရွာသွန်းခဲ့သည်။
မြန်မာ အသင်းသည် ဂူအမ်အသင်း အပေါ် တစ်ဘက်သတ်နီးပါး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာ အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်း ၂၅၊ ၃၂ နှင့် ၃၆ မိနစ်တို့အပြင် ဒုတိယပိုင်း ၆၅ မိနစ်တွင် အောင်သူဖြိုးနှင့် ပထမပိုင်း ၄ မိနစ်၊ ၂၄ မိနစ်၊ ဒုတိယပိုင်း ၅၇ မိနစ်တို့တွင် ၀ဏ္ဏတို့က ခြေစွမ်းပြကာ အသီးသီး သွင်းယူသွားခဲ့သည်။
http://www.myanmargoal.com/ မှ ကူးယူတင်ပြသည် ။

No comments:
Post a Comment