10/11/2011

BIDC ဖိတ်ခေါ်ဖလားတွင် လာအိုအား ဂိုးပြတ် အနိုင်ရကာ ဆီမီး သေချာသွားသည့် မြန်မာ ယူ-၂၁

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင် အသင်းအား အခြေခံကာ ဖွဲ့စည်း ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၁ အသင်းသည် အဖွင့်ပွဲတွင် လာအိုအသင်းအား ၄ဂိုးပြတ် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ် တစ်နေရာ သေချာသွားခဲ့ပြီ ဖြစ်သည်။


အိမ်ရှင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့ ၃သင်း ပါဝင်သည့် အုပ်စု အဖွင့်ပွဲတွင် ကမ္ဘောဒီးယား အသင်းက လာအိုအား ၂-၀ဖြင့် အနိုင်ရရှိထားရာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည့် လာအိုတို့ အတွက် ရမှတ် သုညဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

 မြန်မာ အသင်းအတွက် အဖွင့် ဦးဆောင် ဂိုးများကို ရန်ကုန် ယူနိုက်တက် အရန် အသင်း ကစားသမား နေလင်းထွန်းက ၃၆မိနစ်နှင့် ၄၅မိနစ်တို့တွင် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်
ပထမပိုင်း အပြီးတွင် မြန်မာတို့ ၂ဂိုးပြတ် အသာရ နေခဲ့သည်။


လာအိုဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်နေသည့် မြန်မာလူငယ်အသင်း


လာအိုဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်နေသည့် မြန်မာလူငယ်အသင်း

ဒုတိယပိုင်း အစတွင် လာအို ကစားသမား တစ်ဦး အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရ၍ ပြိုင်ဘက် အသင်း ၁၀ယောက်တည်းဖြင့် ကစားခဲ့ရသည်။ ပွဲကစားချိန် ၇၅မိနစ်တွင် ရတနာပုံ ကစားသမား သက်နိုင်က
 မြန်မာတို့ အတွက် တတိယဂိုး၊ ၈၂မိနစ်တွင် ဇွဲကပင် ယူနိုက်တက် ကစားသမား သီဟဇော်က စတုတ္ထဂိုး တို့အား အသီးသီး သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုရလဒ်ကြောင့် မြန်မာ အသင်းသည် အုပ်စု
နောက်ဆုံးပွဲစဉ် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် ပွဲ၌ မရှုံးနိမ့်ရုံဖြင့် အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက် နိုင်တော့မည် ဖြစ်သည်။ အဆိုပါ နောက်ဆုံး ပွဲစဉ်အား အောက်တိုဘာ ၁၂ရက်နေ့ ညနေပိုင်း၌ ယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။

No comments:

Post a Comment