10/11/2011

ဆီးဂိမ်းစ်တွင် အောင်မြင်မှု ရပါက ရရှိသည့် ဆုကြေးများအား ဟန်ဆန် လှူဒါန်းမည်





မြန်မာ ယူ-၂၃ လက်ရွေးစင် အသင်းအား ကိုင်တွယ်လျှက် ရှိနေသည့် ဆွီဒင်လူမျိုး နည်းပြကြီး စတီဖန် ဟန်ဆန်သည် အောင်မြင်မှု ရရှိပါက ချီးမြှင့် ခံရမည့် အပိုဆုကြေးများအား ကလေးဆေးရုံ ဆောက်လုပ် လှူဒါန်းရန် စိတ်အား ထက်သန်နေကြောင်း သိရသည်။

နီးစပ်သူ တစ်ဦးအဆိုအရ ဟန်ဆန်သည် ဘောလုံး အဖွဲ့ချုပ်နှင့် ချုပ်ဆိုထားသည့် စာချုပ်တွင် အပိုဆုကြေး ခံစားခွင့်များ ထည့်သွင်း ချုပ်ဆိုထားသည်ဟု သိရပြီး အကယ်၍ ချီးမြှင့်ခံရမည် ဆိုပါက လှူဒါန်းသွားရန် စိတ်ကူးထားကြောင်း သိရသည်။

     ဟန်ဆန်က သူနေတဲ့ Micasa အနားမှာရှိတဲ့ ဦးဇော်ဇော် လှူဒါန်းထားတဲ့ ကလေးဆေးရုံကို ကြည့်ပြီး အားကျ နေတာပါ။ တကယ်လို့ လက်ရွေးစင် အသင်း အောင်ပွဲရပြီး ဆုကြေးတွေ ချီးမြှင့် ခံရမယ်ဆိုရင် အဲဒီ ကလေးဆေးရုံ လိုမျိုး အဆောက်အအုံ တစ်ခု ဆောက်လုပ် လှူဒါန်းလိုတယ်လို့ ပြောပါတယ်" ဟု အဆိုပါ
ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။


ယူ-၂၃အသင်းအား ဦးဆောင်မည့် ဆွီဒင်နည်းပြကြီး စတီဖန်ဟန်ဆန်

ဟန်ဆန်သည် ဘောလုံး အဖွဲ့ချုပ်နှင့် သက်တမ်း (၂)လသာ ရှိသည့် ကာလတို စာချုပ် တစ်ရပ်အား ချုပ်ဆိုထားခြင်း ဖြစ်ကာ လာမည့် ၂၆ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်သာ ယာယီ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။ ၎င်းသည် ဇေယျာရွှေမြေ အသင်းနှင့် ၂၀၁၄ အထိ နှစ်ရှည် စာချုပ် ချုပ်ဆိုထားသည့် နည်းပြတစ်ဦး ဖြစ်သည်။

No comments:

Post a Comment