10/18/2011

အာဆီယံ ချန်ပီယံရှစ် အဖွင့်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း ဖိလစ်ပိုင်အား ၂-၀ဖြင့် အနိုင်ရရှိ



လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျှက် ရှိသည့် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း အနေဖြင့် ဖိလစ်ပိုင် အသင်းအား ၂-၀ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီး အသင်းအတွက် အနိုင်ဂိုးများအား မိုင်နီလာထွေး တစ်ဦးတည်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ပွဲနှင့် ပတ်သက်၍ မြန်မာအမျိုးသမီး လက်ရွေးစင် နည်းပြ ကူမာဒါက "ဒီနေ့ပွဲမှာ ဂိုးအများကြီး
သွင်းနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဖိလစ်ပိုင် အသုးဟာ ကျွန်တော်တို့ အသင်းကို အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်းက ကစားသမားတွေဟာ ပထမပွဲမှာ ညွှန်ကြားထားတဲ့ အတိုင်း ကစားနိုင်ခဲ့ပေမယ့်
 ဂိုးတွေ လုံလောက်အောင် မသွင်းနိုင်ခဲ့ပါဘူး။ နောက်ပွဲတွေမှာတော့ ဒီနေ့ပွဲက ခြေစွမ်းထက် ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး အားနည်းချက် အချို့ကိုလည်း ကုစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment