10/18/2011

ပွဲစဉ်များ အကျဉ်းချုပ် နှင့် အောင်ပွဲရ ပုံရိပ်များ


2011 BIDC Cup - မဲခေါင်ဒေသတွင်း နိုင်ငံများ ဖိတ်ခေါ်ဖလား  ကို ကမ္ဘောဒီးယား နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ် ၊ မြန်မာ U -21 အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု မှာတော့ အိမ်ရှင် ကမ္ဘောဒီးယား ၊ လာအို၊ ဗီယမ်နမ် တို့ ဖြစ်ကြပါတယ် ၊ပထမဆုံး ပွဲမှာ လာအို အသင်းကို ၄ - ၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ၊ ဒုတိယပွဲစဉ် မှာ အိမ်ရှင် ကမ္ဘောဒီယား နှင့် ၂ -၂  သရေ ကျပြီး Semi Final သို့ တက်ရောက်ခဲ့ပါတယ် ။

       Semin Final ပွဲစဉ် တွင် ဗီယမ်နမ် နှင့် ကစားစဉ် ၊ First half တွင် 0 -1 နှင့် ရှုံးနိမ့်ခဲ့သော်လည်း ၊Second Half ချေပဂိုး ပြန်သွင်းနိုင်ခဲ့တဲ့ အတွက် ပွဲစဉ် ၉၀ အတွင်း 1-1 နဲ့ အဆုံးသတ်ခဲ့ရပါတယ် ၊ ပင်နယ်တီ အဆုံးအဖြတ်တွင်တော့ မြန်မာဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် 6-5 နဲ့ အနိုင်ယူကာ Final သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ် ။

      Final တွင် မြန်မာ သည် ပြိုင်ဘက် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာ ၊ ပွဲချိန် ၄၂ တွင် ထိုင်းအသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ၊ ပွဲချိန် ၄၃ တွင် မြန်မာအသင်းက ချေပဂိုးကို ချက်ချင်း သွင်းယူနိုင်ခဲ့လို့ First Half အပြီး 1-1 နဲ့ အဆုံးသတ်ခဲ့ပါသည်။ Second Half တွင် ဂိုးမရှိ သရေနဲ့ ပွဲချိန် ၉၀ ကို 1-1 နဲ့ အဆုံးသတ်ခဲ့ပါသည်။ အချိန်ပို ဆက်ကစားရာ အချိန်ပို ပထမပိုင်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ကြပါ ။ ဒုတိယပိုင်း အစ ၁ မိနစ် (106 မိနစ် )တွင် မြန်မာ ကွင်းလယ် ကစားသမား သက်နိုင်မှာ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၊ BIDC ဖလားကို ရယူခဲ့ကြောင်း သိရှိရပါသည်၊

    အောင်ပွဲရ မြန်မာအသင်း သည် 17.10.2011 တွင် မြန်မာနိင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ၊
ချန်ပီယံ Myanmar U -21အသင်းကို  Sedona Hotel တွင်  ဂုဏ်ပြု ညစာစားပွဲ နှင့် တေးသံရှင်များနဲ့ ဖျော်ဖြေ ဂုဏ်ပြုကြိုဆို ခဲ့ကြောင်း ၊ ဆုတော်ငွေ အမြောက်အမြားကိုလည်း ဆုချခဲ့ကြောင်း သိရပါသည် ၊

2011  BIDC Champion မြန်မာ U-21 အသင်းအောင်ပွဲရ ပုံရိပ်များ
ဦးဇော်ဇော်၏ ဇနီး ဒေါ်ဌေးဌေးခိုင်မှ BIDC ချန်ပီယံမြန်မာအသင်းအား ဂုဏ်ပြုဆုငွေ ချီးမြှင့်

အားပေးခဲ့သော မြန်မာ ပရိသတ်များ

အားပေးခဲ့သော မြန်မာပရိသတ်များ

2011 BIDC ချန်ပီယံ မြန်မာအသင်း

Sedona Hotel ဂုဏ်ပြုညစာ စားပွဲ ဦးဇော်ဇော် မှ အောင်ပွဲရ အသင်း  ဂုဏ်ပြု

 2011 BIDC Cup - Champion Myanmar
BIDC Champion မြန်မာလူငယ် အသင်းအား ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးခိုင်က ဂုဏ်ပြုဆုငွေ ကျပ် သိန်း (၃၀၀)အားလည်းကောင်း၊ နေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များ၊ စပွန်ဆာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက စုစုပေါင်း ချီးမြှင့်ငွေ အမေရိကန် ဒေါ်လာ (၃၇၀၀၀)ကျော်တို့အား လည်းကောင်း ပေးအပ် ချီးမြှင့် ခဲ့ကြသည်။





No comments:

Post a Comment